စိတ်
၁. စိတ်
၁.၁. စိတ်ဆိုသည်မှာ
အာရုံကို သိတတ်သော သဘောကို ဆိုသည်
၁.၂. စိတ်အမျိုးအစားများ
စိတ်သည် အာရုံကို သိတတ်သောသဘောရှိသည်။
သို့သော် စိတ်နှင့်အတူတကွဖြစ်သော စေတသိတ်တို့ကို မူတည်ပြီး စိတ်အမျိုးအစားပေါင်း အကျဥ်း ၈၉၊ အကျယ် ၁၂၁ပါးခွဲခြားနိုင်သည်။
ဥပမာ - ရေသည် တမျိုးတည်းသာဖြစ်သည်။ သို့သော်ရေကို သံပုရာသီးနှင့်ပေါင်းဖျော်သည် သံပုရာရေ၊ လိမ္မော်သီးနှင့် ပေါင်းဖျော်သော် လိမ္မော်ရည်ဟု ခေါ်သကဲ့သို့ဖြစ်သည်။
စိတ်တို့ကို ဘုံကို မူတည်၍ လေးမျိုးခွဲခြားနိုင်သည်
ကမ္မာဝါစရစိတ် - ၅၄ ပါး
ရူပါဝါစရစိတ် - ၁၅ ပါး
အရူပါဝါစရစိတ် - ၁၂ ပါး
လောကုတ္တရာစိတ် - အကျဥ်း ၈ ပါး၊ အကျယ် ၂၀
Comments
Post a Comment