စေတသိတ်
စေတသိတ်
၂.၁. စေတသိတ်ဆိုသည်မှာ
- စိတ်ကိုမှီတွယ်၊ စိတ်ကို ခြယ်လှယ်သော တရားကို စေတသိတ်ဟုခေါ်ပါသည်
၂.၂. စေတသိတ် အင်္ဂါလေးပါး
ဧကုပ္ပါဒ - စိတ်နှင့်အတူတကွ ဖြစ်ခြင်း
ဧကနိရောဓ - စိတ်နှင့် အတူတကွချုပ်ခြင်း
ဧကာလမ္ဗန - စိတ်နှင့် တူသော အာရုံ ရှိခြင်း
ဧကဝတ္တုက - စိတ်နှင့်တူသော မှီရာ ဝတ္ထုရှိခြင်း
- စိတ်တလုံးတွင် စေတသိတ် ၇လုံး မှ ၃၆လုံးအထိ ယှဥ်နိုင်၏
၂.၃ စေတသိတ်တို့ကို အမျိုးအစားခွဲခြင်း
| စေတသိတ် (၅၂) |
အညသမန်း (၁၃) |
သဗ္ဗစိတ္တ သာဓာရဏ (၇) | ဖသ်,ဝေ,သဉ်,စေ,ဧ,ဇီ,မန၊ ဤသတ္တ သဗ္ဗစိတ်တိုင်းဖြစ် |
|---|---|---|---|
| ပကိဏ်း (၆) | တက်,စာ,ဝီ,ပိ,ဆန်,အဓိ ပြွမ်းဘိ ပဏိက်းခြောက် | ||
| အကုသိုလ် (၁၄) |
မောဟ စတုက္က (၄) | မော,ဟိ,နောတ်,ဥစ် - မောစတုတ် | |
| လောတြိ (၃) | လော,ဒိ,မာ -လောတြိပါ | ||
| ဒေါသ စတုက္က (၄) | ဒေါ,ဣသ်,မစ်,ကုတ် - ဒေါစတုတ် | ||
| အဆုံးတြိ (၃) | ထိ,မိဒ်,ဝိစိ - အဆုံးတြိ | ||
| သောဘန (၂၅) |
သောဘန သာဓာရဏ (၁၉) | သဒ္ဓါ,သတိ,ဟိရီ,သြတ္တပ်,ဟိတ်နှစ်ရပ်၊ တတြမဇ္စျတ္တာ၊ ပဿဒ္ဓိ, လဟု, မုဒု, ကမ္မဥ်, ပါဂုညင်နှင့်၊ ထို့ပြင် ဥဇုက, ခြောက်ကမ္မ, ကာယ, စိတ်နှင့်နှော |
|
| ဝိရတိ (၃) | သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမာ အာဇီဝ | ||
| အပ္ပမညာ (၂) | ကရုဏာ၊ မုဒိတာ | ||
| ပညိန္ဒြိယ (၁) | ပညာစေတသိတ် |
Comments
Post a Comment